Interesting Facts About Japan You Might Not Know

ဂျပန်နိုင်ငံအကြောင်း သင်မသိရသေးသော စိတ်ဝင်စားဖွယ် အချက်များ



ဂျပန်နိုင်ငံသည် သမိုင်းဝင်အမွေအနှစ်များကြောင့်ကြော်ကြားပြီး နိုင်ငံရဲ့သမိုင်းဝင်အဆောက်အအုံများ၊ ရိုးရာပွဲတော်များနှင့် ထူးခြားသောအစားအစာများကြောင့် ခရီးသွားများအား ဆွဲဆောင်လျက်ရှိသည်။ ဒါ့အပြင် အလင်းရောင်ထွက်ပေါ်ရာအရပ်(Japan စကား Nipponမှဆင်းသက်လာ) ဟုခေါ်ဆိုသော ဂျပန်တွင် လူအများမသိကြသော စိတ်ဝင်စားဖွယ် အချက်များစွာ ရှိသည်။ လက်ရှိဖော်ပြထားသောအကြောင်းအရာကိုဖတ်ရှုပြီး ဂျပန်နိုင်ငံအကြောင်း ပိုမိုနားလည်နိုင်ပါမည်။

 ဂျပန်တွင် တရားဝင်မြို့တော် မရှိပါ


ဂျပန်ရဲ့ စိတ်ဝင်စားဖွယ် အချက်တစ်ခုမှာ ဂျပန်တွင် တရားဝင်မြို့တော် မရှိပါ။ ဘုရင်နေထိုင်ရာနေရာအရပ်ကို မြို့တော်ဟုသတ်မှတ်ခံရပါသည်။ ၁၈၆၈ ခုနှစ်တွင် အစိုးရဌာနများစွာနှင့် အရေးကြီးသော အစိုးရလုပ်ငန်းများရှိသောကြောင့် တိုကျိုကို မြို့တော်အဖြစ် သတ်မှတ်ကြပါသော်လည်း တရားဝင် သတ်မှတ်ထားခြင်းမရှိပါ။

 ရေသောက်ဖို့ စိတ်ချရခြင်း


စိတ်ဝင်စားဖွယ် အချက်တစ်ချက်မှာ ရေသန့်စင်စနစ်နဲ့ တင်းကြပ်တဲ့အရေအသွေးထိန်းချုပ်မှုတွေကြောင့် ဂျပန်တွင်နေထိုင်သူများမှာ ရေကိုထပ်စစ်စရာမလိုဘဲတိုက်ရိုက်သောက်သုံးနိုင်တယ်

 အိမ်တွင်းစီးဖိနပ် ထားရှိခြင်း

ဂျပန်နိုင်ငံတွင် အိမ်တွင်းသို့ ဝင်သောအခါ ဖိနပ်ချွတ်ရခြင်းသည် လူမှုအသိုင်းအဝိုင်း၏ ဓလေ့အရ လိုအပ်သောအရာတစ်ခုဖြစ်ပါသည်(မြန်မာနှင့်ဆင်တူ)။ ဒါဟာ ဂျပန်ပြည်သူတွေနဲ့ ယဉ်ကျေးမှုတစ်မှုအဖြစ် နေ့စဉ်ဘဝမှာ များစွာသက်ရောက်ပါတယ်။ ဂျပန်အိမ်များသို့ သွားရာတွင် ဖိနပ်များကို ချွတ်၍ အိမ်တွင်းစီးဖိနပ်များနှင့်လဲလှယ်ပြီး စင်ပေါ်ပြန်တင်ထားရန် မမေ့သင့်ပါ။ အကယ်၍ သင်ဟာ အိမ်တွင်းစီးဖိနပ်တစ်ရံကိုတွေ့ပြီးဆို ဂျပန်တွေရဲ့ယဉ်ကျေးမှုကို လိုက်နာရန်မမေ့ပါနဲ့။

အသက်ရှည်ခြင်း


ဂျပန်သည် ကမ္ဘာပေါ်တွင် အသက်ရှည်ဆုံးသောနိုင်ငံဖြစ်ပြီး၊ လူအများသည် ၈၅.၀၃ နှစ်ဝန်ူကျင်သက်တမ်းရှိကြသည်(Hong Kongထက်အနည်းငယ်သာလျော့နည်း)။ ဒါဟာ နိုင်ငံတော်၏ ဆေးဘက်ဆိုင်ရာထောက်ပံ့မှုနဲ့ ဂျပန်ပြည်သူများသည် နေထိုင်မှုပုံစံကြောင့်ဖြစ်သည်။ ပြည်တွင်းတွင် အသက် ၁၀၀ကျော်သူ ၃၀,၀၀၀ ကျော်ရှိကြောင်းလည်း သိရပါသည်။

 ခေါက်ဆွဲယဉ်ကျေးမှု


ဂျပန်ပြည်ကိုသွားလည်တဲ့အခါ သင်ဟာ ဂျပန်တွေရဲ့ ခေါက်ဆွဲအပေါ်ထားတဲ့ ယဉ်ကျေးမှုနဲ့ သူတို့ရဲ့ဟင်းရည်နဲ့ခေါက်ဆွဲကို ကျွမ်းကျင်မှုကို မြင်တွေ့နိုင်ပါ

 အမှိုက်စွန့်ပစ်ခြင်းစနစ်

ဂျပန်နိုင်ငံမှာ သန့်ရှင်းမှုနဲ့ ပတ်ဝန်းကျင်အပေါ် အာရုံစိုက်မှုကြီးတဲ့ ပြည်သူတွေ ရှိပါတယ်။ အမှိုက်ခွဲခြားမှုကို သေချာလုပ်ဆောင်ကြပြီး နေရာအသီးသီးမှာ အမှိုက်ခွဲခြားနည်းနဲ့ ပစ်ပယ်ရမယ့်အချိန်တွေကို စည်းကမ်းသတ်မှတ်ထားပါတယ်။ အမှိုက်ကို အဓိက၅မျိုးခွဲပြီး သတ်မှတ်ထားတဲ့နေရာမှာပဲ တင်ရပါတယ်။

 ရထားအသုံးပြုမှု အလွန်များသော နေရာ


ဂျပန်မှာ ရထားက နာမည်ကြီးတဲ့ သယ်ယူပို့ဆောင်မှု နည်းတစ်ခုပါ။ မြန်ဆန်ပြီး စီစဉ်မှုကောင်းတဲ့ လမ်းကြောင်းတွေနဲ့ စည်းမျဉ်းတကျ သွားလာနိုင်တာကြောင့် ရထားစီးတာက သက်သာလွယ်ကူတဲ့ အပြင် သဘာဝပတ်ဝန်းကျင်အတွက်လည်း အကျိုးပြုပါတယ်။ ဂျပန်လူမျိုးတွေက ရထားပေါ်မှာ စည်းမျဉ်းလိုက်နာပြီး စာကြည့်တိုက်လို စာပေဖတ်ရှုလေ့လာနိုင်ပါသေးတယ်။

 အရောင်းစက်ပေါများခြင်း


နောက်ဆုံးတွင်၊ ဂျပန်နိုင်ငံအကြောင်း ဆန်းကြယ်တဲ့ အချက်တစ်ခုက အလွန်များတဲ့ အရောင်းစက်ပါ။ ခန့်မှန်းခြေလူ ၂၃ ယောက် အတွက်အရောင်းစက်တစ်လုံးရှိတယ်လို့ ခန့်မှန်းပါတယ်။ ဒါတွေကို နေရာအသီးသီးမှာ တွေ့ရနိုင်ပြီး နာမည်ကြီးတဲ့ သောက်စရာ၊ ကော်ဖီ၊ အသင့်စားခေါက်ဆွဲစတဲ့ အမျိုးမျိုးသောပစ္စည်းတွေရရှိနိုင်တာကြောင့် ဂျပန်ယဉ်ကျေးမှုရဲ့ အရေးကြီးအပိုင်းတစ်ခု ဖြစ်နေပါတယ်။
အဲ့ဒီမှာ ဂျပန်နိုင်ငံအကြောင်း အရမ်းစိတ်ဝင်စားဖွယ် အချက်အချာတစ်ချို့ကို သိရှိလိုက်ရပါပြီ။ ဒီအချက်အလက်တွေက ဂျပန်နိုင်ငံကို ပိုမိုနားလည်နိုင်ဖို့ အကူအညီပေးတဲ့အပြင် ဂျပန်ပြည်သို့ ခရီးသွားဖို့ ကြိုတင်ပြင်ဆင်ရာမှာလည်း အတွေ့အကြုံ အသစ်တွေ ရရှိစေမှာပါ။

ဘလော့သို့ ပြန်သွားရန်